၀၈၁-၃၀၀၄၅၄

၀၈၁-၃၀၀၄၅၁

info@upanglong.edu.mm

ဒေါက်တာနွယ်နွယ်ယဉ်
ဒုတိယပါမောက္ခချုပ်

ကြိုဆိုနှုတ်ခွန်းဆက်စကား

ပင်လုံတက္ကသိုလ်

ပြည်ထောင်စုစိတ်ဓာတ်မွေးဖွားရာ ပင်လုံဒေသကို ဘက်စုံဖွံ့ဖြိုးတိုးတက်သောဒေသ ဖြစ်လာစေရန်အတွက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ လမ်းညွှန်ချက်အရ ပင်လုံတက္ကသိုလ်ကို မြန်မာသက္ကရာဇ် ၁၃၆၄ ခုနှစ် ဝါဆိုလဆန်း (၆) ရက်၊ ၂၀၀၂ ခုနှစ် ဇူလိုင်လ (၁၅) ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး မြန်မာသက္ကရာဇ် ၁၃၆၄ ခုနှစ် ၊ တပို့တွဲလဆန်း (၁၀) ရက် ၂၀၀၃ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် အောင်မြင်စွာ ဖွင့်လှစ်ခဲ့သည်။

ပညာသာမှ လူမျိုးသာမည်

ပင်လုံတက္ကသိုလ်
ပင်လုံတက္ကသိုလ်
နောက်ခံသမိုင်း
ရည်ရွယ်ချက်
ရည်မှန်းချက်
တည်နေရာ

နောက်ခံသမိုင်း

ပြည်ထောင်စုစိတ်ဓာတ်မွေးဖွားရာ ပင်လုံဒေသကို ဘက်စုံဖွံ့ဖြိုးတိုးတက်သောဒေသ ဖြစ်လာစေရန်အတွက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ လမ်းညွှန်ချက်အရ ပင်လုံတက္ကသိုလ်ကို မြန်မာသက္ကရာဇ် ၁၃၆၄ ခုနှစ် ဝါဆိုလဆန်း (၆) ရက်၊ ၂၀၀၂ ခုနှစ် ဇူလိုင်လ (၁၅) ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး မြန်မာသက္ကရာဇ် ၁၃၆၄ ခုနှစ် ၊ တပို့တွဲလဆန်း (၁၀) ရက် ၂၀၀၃ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် အောင်မြင်စွာ ဖွင့်လှစ်ခဲ့သည်။

ရည်ရွယ်ချက်

ပညာသင်ကြားခြင်း၊ အကဲဖြတ်ခြင်း၊ သုတေသနလုပ်ငန်းများ အစဉ်တစိုက်ဆောင်ရွက်ခြင်းဖြင့် ပညာရပ်နယ်ပယ်အလိုက် အရည်အချင်းမြင့်မားသော နိုင်ငံအကျိုးပြု၊ ဒေသအကျိုးပြု၊ ဘာသာရပ်အကျိုးပြု သုတေသနလုပ်ငန်းများနှင့် နိုင်ငံတကာအဆင့်မီ သုတေသနလုပ်ငန်းများကို ဆောင်ရွက်နိုင်သော ပညာရှင်များဖြစ်လာစေရန် လေ့ကျင့်သင်ကြားခြင်းဖြင့် လူ့အဖွဲ့အစည်း၏ အကျိုးစီးပွားတိုးတက်အောင် ဖန်တီးတည်ဆောက်ရန် ရည်ရွယ်ပါသည်။

ရည်မှန်းချက်

ခေတ်စနစ်နှင့်လိုက်လျောညီထွေ‌သော လူတိုင်းအကျုံးဝင်သည့် သင်ကြားသင်ယူရေး နည်းစနစ်များကို ဖန်တီးရန်၊ ပညာရပ်နယ်ပယ်အလိုက် နိုင်ငံတကာအဆင့်မီ သုတေသနပညာရှင်များနှင့် အရည်အချင်းပြည့်မီသော သင်ကြားရေး ဆရာ၊ဆရာမများ မွေးထုတ်ပေးရန်၊ လူ့အဖွဲ့အစည်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သော တက္ကသိုလ်ပညာရပ်ဝန်းတစ်ခု ဖြစ်လာစေရန်အတွက် ဆောင်ရွက်ရန် ရည်မှန်းပါသည်။

တည်နေရာ

ပင်လုံတက္ကသိုလ်သည် လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ဟဲနန်း ကျေးရွာအုပ်စု ၊ ပင်လုံ-လဲချား လမ်းမအနီး နန်းကျင်ပူမြို့ဟောင်းမြောက်ဘက်တွင် တည်ရှိပါသည်။

အကျယ်အဝန်း             –          ၂၀၆ ဧက

အရှေ့လောင်ဂျီကျု      –          ၉၇’ ၃၀’ ၀၅”

မြောက်လတ္တီကျု         –          ၂၁’ ၁၆’ ၀၂”

ကျောင်းတွင်းပံ့ပိုးမှုများ

ပင်လုံတက္ကသိုလ်တွင် ကျောင်းသားကျောင်းသူများအတွက် ကျောင်းဆောင်များ၊ စာကြည့်တိုက်များ စီစဉ်ထားရှိပါသည်။ 

သင်ကြားရေးနည်းစနစ်များ

ပင်လုံတက္ကသိုလ်တွင် ခေတ်မီနည်းပညာများကို ထူးချွန်ထက်မြက်သော ဆရာ/မများနှင့် သင်ကြားပေးလျက်ရှိပါသည်။

ပူးပေါင်းဆောင်ရွက်မှုများ

ပင်လုံတက္ကသိုလ်သည် ပြည်တွင်း/ပြည်ပမှ တက္ကသိုလ်များ၊ အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။ 

သုတေသနလုပ်ငန်းများ

ပင်လုံတက္ကသိုလ်တွင် သုတေသနလုပ်ငန်းများကိုလည်း တွင်တွင်ကျယ်ကျယ် ဆောင်ရွက်လျက် ရှိပါသည်။

ဘွဲ့ကြိုသင်တန်းများ

ပင်လုံတက္ကသိုလ်တွင် ဘွဲ့ကြိုသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါသည်။

ဘွဲ့လွန်သင်တန်းများ

ပင်လုံတက္ကသိုလ်တွင် ဘွဲ့လွန်သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါသည်။

မဟာဘွဲ့သင်တန်းများ

ပင်လုံတက္ကသိုလ်တွင် မဟာဘွဲ့သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါသည်။

အခမ်းအနားဆောင်ရွက်မှုများ

There're no item that match your search criteria. Please try again with different keywords.

ပင်လုံတက္ကသိုလ် သင်ကြားရေးဌာနများ